News

နန်းနှင်းနန္ဒါချစ်သူ (ခ) ArKu အတွက် (၂၈) နှစ်မြောက် မွေးနေ့ဆုမွန်ကောင်း

July 19, 2026
နန်းနှင်းနန္ဒါချစ်သူ (ခ) ArKu အတွက် (၂၈) နှစ်မြောက် မွေးနေ့ဆုမွန်ကောင်း

နန်းနှင်းနန္ဒါချစ်သူ (ခ) ArKu အတွက် (၂၈) နှစ်မြောက် မွေးနေ့ဆုမွန်ကောင်း

ချစ်ခင်ရပါသော Ku ရေ…

၂၈ နှစ်မြောက် မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး လာမယ့်နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေနဲ့သာ အမြဲဆုံတွေ့နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ku ဟာ မိမိရဲ့မျိုးနွယ်စု၊ ဘာသာနဲ့ သာသနာအတွက်သာမက လူမျိုးအတွက်ပါ အားကိုးထိုက်ပြီး အကျိုးပြုနိုင်တဲ့ အမျိုးသမီးကောင်းတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ။ ကိုယ်တိုင်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပြီး၊ လိုအင်ဆန္ဒမှန်သမျှလည်း အမှန်တကယ် ဖြစ်မြောက်ပါစေကြောင်း ဆုတောင်းပေးပါတယ်။

မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ချစ်ခင်ရသူတွေရဲ့ ဝန်းရံခြင်းကိုခံရပြီး၊ ပျော်ရွှင်စရာ အမှတ်တရကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝပိုင်ရှင်လေးဖြစ်ပါစေ။ မွေးနေ့ကစလို့ ကံကောင်းခြင်းတရားတွေ အမြဲတစေ လိုက်ပါစောင့်ရှောက်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း…

မွေးနေ့မှာ ပျော်ရွှင်ပါစေ Ku!