Photo news

ဓာတ်ပုံသတင်း ရလဒ်ထက် မေတ္တာနှင့် ရိုသေလေးစားမှုကို ဦးထိပ်ထားသည့် ArKu’ အမျိုးသမီးဘောလုံးအသင်းနှင့် တေးရှင် ချစ်ကြည်ရေတို့၏ ချစ်ကြည်ရေးပွဲစဉ်

July 21, 2026
ဓာတ်ပုံသတင်း  ရလဒ်ထက် မေတ္တာနှင့် ရိုသေလေးစားမှုကို ဦးထိပ်ထားသည့် ArKu’ အမျိုးသမီးဘောလုံးအသင်းနှင့် တေးရှင် ချစ်ကြည်ရေတို့၏ ချစ်ကြည်ရေးပွဲစဉ်

ကရင်ပြည်နယ်၊အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားတန်ဖိုးထားမှုကို ဖော်ညွှန်းသည့် ArKu’ အမျိုးသမီး ဘောလုံးအသင်းနှင့် နာမည်ကြီး ကရင်အဆိုတော် ချစ်ကြည်ရေတို့၏ အထူးချစ်ကြည်ရေး ဘောလုံးပွဲစဉ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ယခုပွဲစဉ်သည် အနိုင်အရှုံးထက် အသင်းနှစ်သင်းကြားရှိ မိတ်ဆွေဖွဲ့မှုနှင့် ရိုသေလေးစားမှု (Respect & Friendship) ကို အဓိက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပါဝင်ကစားကြသူများနှင့် ပရိသတ်များအကြား အမှတ်တရ ဖြစ်စေမည့် သုတ၊ ရသ နှစ်ပါးစုံလင်သည့် ပွဲစဉ်တစ်ရပ်အဖြစ် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။