(လှိုင်းဘွဲ၊ ဇူလိုင် ၁၄)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့လဲရွာ၌ ဗိုလ်ချုပ်စောချစ်သူနှင့် ဒေါ်နန်းခင်လှသူ မိသားစုတို့မှ အလှူဒါနပြု ဆောက်လုပ်လှူဒါန်းပေးခဲ့သော “ချစ်ထူးမြိုင်” အခြေခံပညာအလယ်တန်းကျောင်းနှင့် “ချစ်လင်းမြိုင်” မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားမိဘများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း အလှူရှင်မိသားစုက မှတ်တမ်းတင် ဂုဏ်ပြုစကား ဆိုသည်။
ထို့ပြင် အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ ပညာသင်ကြားနိုင်ရေးအတွက် ယခုကဲ့သို့ အများအကျိုးဆောင်ရွက်ပေးခဲ့သည့် အလှူရှင်မိသားစု အပေါင်းတို့သည်လည်း ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံကြပြီး ထာဝရ သက်ရှည်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

![[ဓာတ်ပုံသတင်း] ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဗိုလ်ချုပ်စောချစ်သူနှင့် ဒေါ်နန်းခင်လှတို့မိသားစု ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပ](/_next/image?url=https%3A%2F%2Fadmin.knahq.org%2Fwp-content%2Fuploads%2F2026%2F07%2F743942324_1622481179881559_2724163771900006272_n.jpg&w=3840&q=75)