ဒေါက်တာဌေးဌေးစိုး၏ လွယ်အိတ်အလှူတော်မင်္ဂလာ
တောင်ကလေး၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်) တွင် ဘားအံမြို့နေ ဒေါက်တာဌေးဌေးစိုးက တောင်လေးပရိယတ္တိ/ပဋိပတ္တိစာသင်တိုက် သာသနာ့အေးရိပ်သာကျောင်းတိုက်၌ လောကီ၊ လောကုတ္တရာ ပညာရပ်များကို ကြိုးစားအားထုတ် သင်ယူလျက်ရှိကြသော သံဃာတော်များ၊ ကိုရင်များနှင့် သီလရှင်များအား လွယ်အိတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် သာသနာ့အေးရိပ်သာ ကျောင်းတိုက်အတွင်း ပညာသင်ကြားလျက်ရှိသည့် ကျောင်းနေသံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဆရာလေးကြီးများ စုစုပေါင်း (၃၂၀) ပါးတို့အား တစ်ပါးလျှင် လွယ်အိတ်တစ်လုံးစီ သဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်သည်။
လှူဒါန်းသူ ဒေါက်တာဌေးဌေးစိုးနှင့်တကွ အလှူရှင်မိသားစုဝင်များအနေဖြင့် ဤပြုလုပ်အပ်သော မြတ်ဒါနကောင်းမှုစုတို့ကြောင့် ဘဝဆက်တိုင်းလိုရာဆုထူးများနှင့် ပြည့်စုံပြီး ဆရာတော်ဘုရားကြီး၏ ကောင်းချီးမင်္ဂလာပေးသော ဆုတောင်းများနှင့်အညီ ပြည့်စုံကြပါစေကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါသည်။

