#မြိုင်ကြီးငူအထူးဒေသ
မြိုင်ကြီးငူ နန်ဦးဘေးမဲ့တောရကျောင်းတိုက်
ဦးစီးပဓါန နာယက ဒုတိယ မြိုင်ကြီးငူဆရာတော်
(မဟာမင်္ဂလဓမ္မဇောတိကဓဇ) ဘဒ္ဒန္တ ဉာဏိက
*သစ္စာအဓိဌာန်*
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ ဒို့ပြည်ဒို့ရွာ
ဒို့သာသနာ သာယာစေမှု လုံ့လပြုအံ့
အများအကျိုး ရွက်သယ်ပိုးကာ မလိုတမာ
လူတကာတို့ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော..

