ထူးသစ္စာအောင် (HTA) WIFI အသုံးပြုသူ မိဘပြည်သူများခင်ဗျာ…
ယနေ့တွင် ဆာဗာခန်း (Server Room) မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် အင်တာနက်လိုင်းများ ယာယီပြတ်တောက်နေရပါသည်။
လက်ရှိတွင် ပြန်လည်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ဝန်ဆောင်မှု ပြန်လည်ရရှိမည့်ရက် အတိအကျကိုမူ မပြောကြားနိုင်သေးပါ။ မိဘပြည်သူများအနေဖြင့် အင်တာနက်လိုင်းမရရှိပါက Router စက်များအား မလိုအပ်ဘဲ ခလုတ်ပိတ်/ဖွင့်ခြင်း၊ Setting များ ပြောင်းလဲခြင်း မပြုလုပ်ကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
ယခုကဲ့သို့ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် အထူးပင် တောင်းပန်အပ်ပါသည်။
