တေးသီချင်းဆိုပြိုင်ပွဲဝင်များ သီချင်းတိုက်ခြင်းနှင့် မဲနှိုက်ပွဲ အစီအစဉ် ပြုလုပ်မည်
၂၀၂၆ ၊ ဩဂုတ်၂၄
တေးသီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဆိုရှင်များ၊ အဖွဲ့လိုက်နှင့် စုံတွဲပြိုင်ပွဲဝင်များ၊ တစ်ကိုယ်တော် ပြိုင်ပွဲဝင်များအားလုံး သီချင်းတိုက်ခြင်း (Rehearsal) နှင့် မဲနှိုက်ခြင်း အစီအစဉ်များကို လာမည့် ဩဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစီအစဉ်အသေးစိတ်
* နေ့ရက် – ၂၅ – ၈ – ၂၀၂၆ (အင်္ဂါနေ့)
* အချိန် – နံနက် (၁၀:၀၀) နာရီတိတိ
* နေရာ – ဘိုးဘွားရိပ်သာခန်းမ
* ပြုလုပ်မည့် အစီအစဉ် -သီချင်းတိုက်ခြင်းနှင့် ပြိုင်ပွဲဝင် မဲနှိုက်ခြင်းများ
ပြိုင်ပွဲစနစ်တကျ ယှဉ်ပြိုင်နိုင်ရေးနှင့် ပြင်ဆင်မှုများ စုစည်းနိုင်ရေးအတွက် ပြိုင်ပွဲဝင်များအားလုံး အချိန်မီ တက်ရောက်ပေးကြပါရန် တာဝန်ရှိသူများက လေးစားစွာဖြင့် အသိပေး နှိုးဆော်ထားသည်။

