(ဖေဖော်ဝါရီလ ၂၇၊ ၂၀၂၆)
မင်္ဂလာကျက်သရေနှင့် ပြည့်စုံသော ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း (၁၁) ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်) နေ့တွင် သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ရည်ရွယ်ကျင်းပသော စေတီတော်မြတ်များ၏ ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုမဟာကုသိုလ်တော် အခမ်းအနားတွင် အောက်ပါ စေတီတော်မြတ်များကို ရွှေထီးတော် အသစ်တစ်ဖန် ဆက်ကပ်တင်လှူပူဇော်ခဲ့ခြင်း ဖြစ်ပါသည် –
-
မေခဝတီအောင်စေတီတော်
-
အေးမြရာဇာအောင်စေတီတော်
-
အေးမြဓမ္မအောင်စေတီတော်
အဆိုပါ ရွှေထီးတော်တင် အလှူတော်မင်္ဂလာ အခမ်းအနားမှ ကြည်ညိုသဒ္ဓါပွားများဖွယ်ရာ ပုံရိပ်မြင်ကွင်းအချို့ကို ဓမ္မမိတ်ဆွေများထံ ကုသိုလ်ယူ သာဓုခေါ်ဆိုနိုင်ရန်အတွက် အောက်တွင် မှတ်တမ်းတင် မျှဝေအပ်ပါသည်။
