News

စစ်ဘေးရှောင် ပြည်သူများအတွက် KNPC မှ ဘတ်ငွေ ၅၆ သိန်းကျော် တန်ဖိုးရှိ ရိက္ခာများ ထောက်ပံ့လှူဒါန်း

September 18, 2026
စစ်ဘေးရှောင် ပြည်သူများအတွက် KNPC မှ ဘတ်ငွေ ၅၆ သိန်းကျော် တန်ဖိုးရှိ ရိက္ခာများ ထောက်ပံ့လှူဒါန်း

စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်

ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (KNPC) က ဦးစီး၍ နဘူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် တန်ဖိုးငွေ ဘတ် ၅,၆၄၈,၁၁၅ (ငါးဆယ့်ခြောက်သိန်းလေးသောင်းရှစ်ထောင်တစ်ရာတစ်ဆယ့်ငါးဘတ်) တန်ဖိုးရှိ ရိက္ခာပစ္စည်းများကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် တတိယအကြိမ်မြောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားတွင် နဘူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ စစ်ဘေးရှောင် ရွာပေါင်း ၁၅ ရွာခန့်မှ အိမ်ထောင်စု ၅၀၀ အတွက် ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီ/ဖြူနှင့် အခြားရိက္ခာများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ စစ်ဘေးရှောင် လူဦးရေ ၁၈,၇၉၅ ယောက်ကို ကိုယ်စားပြု၍ လူ ၆၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

KNPC အဖွဲ့၏ တတိယအကြိမ် ထောက်ပံ့မှုတွင် ဆန်အိတ် ၅,၀၀၀၊ ငါးသေတ္တာ ကဒ် ၅,၀၀၀၊ အချိုမှုန့် ၅,၀၀၀ ကီလိုနှင့် ဆီ ပုံး ၅,၀၀၀ ပါဝင်ပြီး ရှေ့ဆက်၍လည်း စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်တိုက် ရိက္ခာထောက်ပံ့ပေးသွားမည့် အစီအစဉ်များ ရှိကြောင်း သိရသည်။