News

ခယ့်ဖလူးတွင် 9B နှင့် 8B ကားလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးနေ

August 6, 2026
ခယ့်ဖလူးတွင် 9B နှင့် 8B ကားလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးနေ

ခယ့်ဖလူးတွင် 9B နှင့် 8B ကားလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးနေ

ဇူလိုင် ၆ရက်၊ ၂၀၂၆

ချစ်လင်းမြိုင်ကားလိုင်စင်ရုံးမှ ဦးဆောင်၍ 9B နှင့် 8B ကားလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်း ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

လိုင်စင်ပြုလုပ်လိုသူများအနေဖြင့် သတ်မှတ်ထားသော ဝန်ဆောင်မှုနှုန်းထားများအရ ရွာခံများနှင့် အပြင်လူများဟူ၍ သီးသန့်သတ်မှတ်ထားပြီး အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ ရွာခံများအတွက် ဝန်ဆောင်ခ

လိုင်စင် အသစ်ပြုလုပ်ခ – ၇,၀၀၀ ဘတ်

သက်တမ်းတိုးခ – ၆,၀၀၀ ဘတ်
(မှတ်ချက် – ရွာခံများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရုံး ထောက်ခံစာ မဖြစ်မနေ ယူဆောင်လာရန် လိုအပ်ပါသည်။)

၂။ အပြင်လူများအတွက် ဝန်ဆောင်ခ

လိုင်စင် အသစ်ပြုလုပ်ခ – ၁၃,၀၀၀ ဘတ်

သက်တမ်းတိုးခ – ၁၂,၀၀၀ ဘတ်
(မှတ်ချက် – နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ရှိသူများသာ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။)

လုပ်ဆောင်ရမည့်နေရာနှင့် နောက်ဆုံးရက်

နေရာ – ခယ့်ဖလူးတောင်ခြေ၊ ချစ်သူမေတ္တာပန်းခြံအရှေ့၊ နှစ်သစ်ကူးကွင်းအတွင်းရှိ ချစ်လင်းမြိုင်ကားလိုင်စင်ရုံး။

နောက်ဆုံးရက် – ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။