News

ကျောက်စက်ကျေးရွာရှိ ကျောင်းသူ၊ ကျောင်းသားငယ်များအတွက် ဗိုလ်ချုပ်စောချစ်သူနှင့် နန်းခင်လှသူ မိသားစုတို့မှ အာဟာရနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များ လှူဒါန်း

July 1, 2026

ကျောက်စက်၊ ဇူလိုင် ၃၀

ကျောက်စက်ကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားငယ်လေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ဗိုလ်ချုပ်စောချစ်သူနှင့် နန်းခင်လှသူ မိသားစုတို့က အာဟာရဒါနပြုခြင်းနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းပေးခဲ့သည်။

အဆိုပါ လှူဒါန်းမှုအစီအစဉ်ကို ဇူလိုင်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ် ပညာသင်ကြားရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကလေးငယ်များ၏ အနာဂတ်ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းလှူဒါန်းပေးကြသည့် အလှူရှင်မိသားစုအား ကျောင်းတာဝန်ရှိသူများနှင့် မိဘပြည်သူများက အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် အလှူရှင်မိသားစု၏ ကောင်းမှုကုသိုလ်ကြောင့် ကျောင်းသား၊ ကျောင်းသူလေးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပညာရည်ထူးချွန်သူများ ဖြစ်လာစေရန်အတွက် ဆုမွန်ကောင်းများ တောင်းအပ်ကြောင်း သတင်းရရှိသည်။