Photo news

ကျုံပျော်ခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

August 6, 2026
ကျုံပျော်ခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
လေးမျက်နှာ၊ ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ကို ခံစားနေရသည့် ဒေသခံပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို သက်ဆိုင်ရာ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကာ လစဉ်ဆန်း (၁) ရက်နေ့မှ (၆) ရက်နေ့အထိ (ဆက်တိုက်) ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အနီးကပ်ဖြည့်ဆည်းပေးနေကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေး
KCO