ကရင်လူငယ်များအနေနဲ့ AI ခေတ်မှာ မိမိကိုယ်မိမိ အဆင့်မြှင့်တင်ဖို့ ဗိုလ်မှူးချုပ် စောတင်ဝင်းတိုက်တွန်း
၂၀၂၆ခုနှစ်၊ ဩဂုတ် ၂၈
ကရင်လူငယ်များအနေနဲ့ AI ခေတ်မှာ မိမိကိုယ်မိမိ အဆင့်မြှင့်တင်ဖို့ ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းတိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၆ ဩဂုတ်က မြဝတီမြို့နယ်၊ သစ်ကတေ့ ကျေးရွာမှာ ကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ အမိန့်မိန့်ခွန်းမှာ စစ်ဒေသ ၂ မှူး က ပြောကြားလိုက်တာဖြစ်ပါတယ်

