News

ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ ပထမဆု ရရှိ

August 26, 2026
ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ ပထမဆု ရရှိ
သစ်ကတေ့၊ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်ကတေ့ စံပြကျေးရွာတွင် ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်ကျင်းပသည့် ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၌ KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ အသင်းက ပထမဆု ဗိုလ်စွဲသွားကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘောလုံးအသင်း စုစုပေါင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြအပြီး ဗိုလ်လုပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ဆုံးဗိုလ်လုပွဲ၌ KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ အသင်းက ပြိုင်ဘက်ကို အပြီးသတ် အနိုင်ရရှိကာ ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ခြင်း ဖြစ်သည်။