News

ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

September 4, 2026
ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စက်တင်ဘာ ၃ ၊ ၂၀၂၆

ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ရုံး၌ ယနေ့ (စက်တင်ဘာ ၃ ရက်) တွင် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆွေးနွေးပွဲတွင် အောက်ပါအချက် (၃) ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည် –

  • ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေး – ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) မှ ဦးစီးကျင်းပမည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ။

  • ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ပြန်လည်သုံးသပ်ရေး – ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအသီးသီးသို့ တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် သုံးသပ်ချက်များကို ပြန်လည်ဆွေးနွေးဖလှယ်ခြင်း။

  • ကရင်ပြည်နယ် သဘင်အစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်ရေး – ကရင်ပြည်နယ် သဘင်အစည်းအရုံးတွင် ကျင်းပပြုလုပ်မည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် (ပထမ) အကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင် ပူးပေါင်းကူညီ အားဖြည့်ပေးကြရန်။

အဆိုပါတွေ့ဆုံပွဲသို့ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး တင်ပြချက်များအပေါ် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရသည်။