News

ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) ၏ ရေရှည်လုပ်ငန်းစဉ်များအတွက် “ထာဝရရံပုံငွေပဒေသာပင်” စိုက်ထူ၍ စုပေါင်းအင်အားဖြင့် ဝန်းရံ

July 12, 2026
ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) ၏ ရေရှည်လုပ်ငန်းစဉ်များအတွက် “ထာဝရရံပုံငွေပဒေသာပင်” စိုက်ထူ၍ စုပေါင်းအင်အားဖြင့် ဝန်းရံ

ဖားအံ၊ ဇူလိုင် ၁၁ ရက်၊

ကရင်ယဉ်ကျေးမှုနှင့် အနုပညာရပ်များ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) မှ လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ရှေ့ဆက်ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းစဉ်များ ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် “ထာဝရရံပုံငွေပဒေသာပင်” ကို စိုက်ထူ၍ ရံပုံငွေရှာဖွေခြင်းလုပ်ငန်းကို အကောင်အထည်ဖော်လျက်ရှိသည်။