ဆောင်းပါး

ကရင်ပြည်သူတို့၏ မျှော်လင့်ချက်၊ အဖူးချစ်သူနှင့် KNA ၏ တော်လှန်ရေးခရီးစဉ်

October 7, 2026
ကရင်ပြည်သူတို့၏ မျှော်လင့်ချက်၊ အဖူးချစ်သူနှင့် KNA ၏ တော်လှန်ရေးခရီးစဉ်
 
ကရင်ပြည်သူတို့၏ မျှော်လင့်ချက်၊ အဖူးချစ်သူနှင့် KNA ၏ တော်လှန်ရေးခရီးစဉ်
***********************
ကရင်ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်အားကိုးမှု၊ လေးစားတန်ဖိုးထားမှုကို အပြည့်အဝရရှိထားသူ အဖူးချစ်သူသည် ကျွန်စိတ်ကို အပြီးတိုင်ရိုက်ချိုးကာ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ (၄) ချက်ကို ခိုင်မြဲစွာ ကိုင်စွဲခဲ့ပါသည်။
 
ကရင်အမျိုးသားတို့၏ ကံကြမ္မာကို ကရင်တို့ကိုယ်တိုင် ဖန်တီးပုံဖော်နိုင်ရန်အတွက် BGF (နယ်ခြားစောင့်တပ်) ကို စွန့်လွှတ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းမှ အခြားသော အစုအဖွဲ့များနှင့် တန်းတူ ယှဉ်တွဲနေထိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်အမျိုးသားတပ်မတော် (KNA) ကို စနစ်တကျ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။
 
 
KNA စတင်တည်ထောင်စအချိန်တွင် တပ်ဖွဲ့ဝင် လူအင်အား နည်းပါးခဲ့သော်လည်း KNA ခေါင်းဆောင်ကြီးများ၏ စစ်အာဏာရှင်စနစ်နှင့် မြန်မာတပ်အပေါ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်တော်လှန်မှုများကြောင့် ပြည်သူနှင့် စိတ်ဓာတ် ထက်သန်သော ကရင်လူငယ်များ၏ ယုံကြည်လက်ခံမှုကို ရရှိခဲ့သည်။ ထိုယုံကြည်မှုမှတစ်ဆင့် တော်လှန်ရေးလူငယ်များစွာ KNA ထဲသို့ ဆက်တိုက်ဝင်ရောက်လာခဲ့ကြသည်။
 
ယနေ့အချိန်တွင် KNA သည် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား အင်အားအကြီးမားဆုံး တပ်ဖွဲ့တစ်ခုအဖြစ် သမိုင်းဝင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။
 
လက်ရှိတွင် –
 
 
• စစ်ဒေသ (၄) ခု
 
• ဗျူဟာ (၁၀) ခု နှင့်
 
• တပ်ရင်းတစ်ရင်းလျှင် အင်အား (၅၀၀) ဖြင့် ဖွဲ့စည်းထားသော တပ်ရင်းပေါင်း (၆၀) ကျော် အထိ အင်အားတောင့်တင်းစွာ လှုပ်ရှားလျက်ရှိသည်။
 
 
KNA သည် စစ်ရေးအရ အင်အားကြီးမားရုံသာမက တပ်၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ကိုလည်း စနစ်တကျ ထိန်းသိမ်းထားသည်။ KNA ခေါင်းဆောင်ကြီးများသည် တရားမဝင်သော စီးပွားရေးလုပ်ငန်းများနှင့် ရာဇဝတ်မှုများကို အပြည့်အဝ ရှောင်ရှားကြသည်။
 
ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) များအပါအဝင် ရာဇဝတ်ကင်းစင်သည့် တရားဝင် စီးပွားရေးလုပ်ငန်းများကိုသာ ရိုးသားကြိုးစားစွာ လုပ်ကိုင်ကြသည်။
 
ဤသို့သော ခေါင်းဆောင်ကောင်းများ၏ မှန်ကန်သော လမ်းပြမှု၊ ရိုးသားကြိုးစားမှုနှင့် အခြေခံမူများအပေါ် ခိုင်မာစွာ ရပ်တည်နိုင်မှုတို့ကြောင့် KNA သည် အချိန်တိုအတွင်း နေ့ချင်းညချင်း တိုးတက်ပြောင်းလဲလာပြီး ကရင်အမျိုးသားတို့၏ အနာဂတ်အတွက် အားထားရာ တပ်မတော်တစ်ခုဖြစ်လာခဲ့သည်။