
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဖားအံမြို့တွင် (၂) ရက်တာ ကျင်းပပြီးစီး
စက်တင်ဘာ ၂၇၊ ဖားအံ
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ဒေသပြန်လည်ထူထောင်ရေး နှင့် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ရည်ရွယ်၍ ကျင်းပသည့် “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆” ကို စက်တင်ဘာလ (၂၆) ရက်နှင့် (၂၇) ရက်တို့တွင် ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ (၂) ရက်တာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်သို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကရင်အမျိုးသားစည်းလုံးညီညွတ်မှု ဖော်ဆောင်ရေးကော်မတီ (KNPC) တွင် ဦးဆောင်ပါဝင်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း အဖိုးစောမူတူးစေးဖိုး၊ အဖိုး ပဒိုရွှေမောင်းတို့လည်း တက်ရောက်ခဲ့သည်။
