News

ကရင်ပြည်နယ်၌ ပထမဆုံးအကြိမ် KSLA ရွှေခါးပတ် Traditional Lethwei Champion ပြိုင်ပွဲ ကျင်းပမည်  

October 2, 2026
ကရင်ပြည်နယ်၌ ပထမဆုံးအကြိမ် KSLA ရွှေခါးပတ် Traditional Lethwei Champion ပြိုင်ပွဲ ကျင်းပမည်

ကရင်ပြည်နယ်၌ ပထမဆုံးအကြိမ် KSLA ရွှေခါးပတ် Traditional Lethwei Champion ပြိုင်ပွဲ ကျင်းပမည်

 

အောက်တိုဘာ ၂၊ ၂၀၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် “ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အသင်း (KSLA) ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကြီး” ကို လာမည့် အောက်တိုဘာလ (၃) ရက် (စနေနေ့)၊ နံနက် (၀၉:၀၀) နာရီတွင် လှာကမြင် မိုးလုံလေလုံအားကစားရုံ၌ စတင်ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကြီးကို ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အသင်း (KSLA) က ဦးဆောင်ကျင်းပပြီး စောမင်းတည်သစ် (ခ) ကဂျာ့ဖိုး မိသားစုမှ အဓိက ကူညီပံ့ပိုးပေးထားခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသား ဝိတ်တန်း (၈) ခုနှင့် အမျိုးသမီး ဝိတ်တန်း (၁) ခု၊ စုစုပေါင်း ဝိတ်တန်း (၉) ခုပါဝင်ပြီး ဝိတ်တန်းတစ်ခုစီအတွက် ပြိုင်ပွဲဝင် ကစားသမား (၈) ဦးစီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်မည့် ဝိတ်တန်းများနှင့် ပြိုင်ပွဲဝင်အချို့ –

  • ၄၈ ကီလိုတန်း – သားချောလှ၊ မြတ်မိုး၊ စိုးမိုးကျော်၊ စောဂျူနီယံမင်း၊ ဘဂျမ်း၊ စောရဲနောင်၊ စိန်သန်းဦး၊ ဇွဲသစ္စာ

  • ၅၁ ကီလိုတန်း – အဲဒို့၊ စောအဲဒိုမှူး၊ မိုးမျှော်သီး၊ စောရူဘီ၊ မျိုးဆက်အောင်၊ နိုင်မြကျော်၊ ဂျေရက်၊ ကျော်အဲပညာ

  • ၅၄ ကီလိုတန်း – ကျော်ဖော့၊ မိုးမြင့်အောင်၊ စောသန်းစိုး၊ လှိုင်းထက်အောင်၊ တိုက်မောင်း၊ စောM9၊ ထူးပိုင့်ဦး၊ ရှမ်းတောက်

  • ၅၇ ကီလိုတန်း – မင်းကိုနိုင်၊ ဟိန်းထွန်းအောင်၊ ဟိန်းစိုးအောင်၊ လင်းထက်အောင်၊ အောင်ထက်ဟိန်း၊ စိုးကြီး၊ မဟာသွေး၊ ရိုးရာသွေး

  • ၆၀ ကီလိုတန်း – မိုးထက်အောင်၊ ချစ်ပိုင်ပိုင်၊ စိုးနောင်ဦး၊ မိုးဟိန်း၊ အောင်ရဲလင်း၊ သန့်ဇင်လင်း၊ စောအဲရှီး၊ ထက်လင်း

  • ၆၃.၅ ကီလိုတန်း – စောထူးအောင်၊ မင်းကျော်ဇ၊ အောင်နေထူး၊ အောင်ပိုင်၊ အောင်ကိုလတ်၊ စောဘဟိန်း၊ စရဲမြင့်အောင်၊ ကျော်ကြီး

  • ၆၇ ကီလိုတန်း – စူပါရေချမ်း၊ မြတ်သူ၊ လက်သီးမိုး၊ ကမ္ဘာရှား၊ သာအဲဆိုဒ်၊ နေခန့်နိုင်၊ ထိန်လင်း၊ စောသစ်မင်း

  • ၇၁ ကီလိုတန်း – အောင်ဟိန်း၊ မင်းထက်အောင်၊ ယူူးခလိန်းမင်း၊ ရန်နိုင်ထွန်း၊ တက်နေလင်း၊ စောလူးပွေစို့၊ စောဖိုးလပြည့်၊ တောက်ရှား

  • ၅၁ ကီလိုတန်း (အမျိုးသမီး) – ခတ္တာပန်း၊ ဆုလာဘ်၊ သောနေထူး၊ နန်းမိုးမိုးဌေး၊ ကျားခင်ရွှေ၊ တိုင်းကျော်မ၊ လုံးချောမ၊ ဆက်ဆက်နိုင်

အဆိုပါ ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ချန်ပီယံဆု ရရှိသူများကို သိန်း (၁၀၀) ကျော် တန်ဖိုးရှိ ရွှေခါးပတ်များ အသီးသီး ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ရာ ရိုးရာလက်ဝှေ့ ဝါသနာရှင်များအနေဖြင့် တက်ရောက်အားပေးနိုင်ကြောင်း သိရသည်။