News

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဓမ္မညီနောင်ဆုတောင်းပြည့်ကျောင်း ဆရာတော်ဘုရားကြီး ကြွရောက်ဆွမ်းခံပူဇော်ခံ

October 22, 2026

အောက်တိုဘာ ၁၄
၁၄.၁၀.၂၀၂၆ (၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက်) ဗုဒ္ဓဟူးနေ့ နံနက် ၅:၃၇ နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကောစိန်၊ ချောင်းဝရွာ၊ ဘုရားကျောင်း၊ ဖိုးတလိုင်းရွာ၊ ကျွန်းမီးရွာ၊ ကိုမောင်ရှမ်းစုရွာနှင့် ကော့လုံရွာတို့၌ (၃)ရက်မြောက် နောက်ဆုံးနေ့အဖြစ် ဓမ္မညီနောင်ဆုတောင်းပြည့်ကျောင်းမှ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိကသည် ကြွရောက်ဆွမ်းခံခဲ့ပါသည်။
ထိုသို့ ကြွရောက်ဆွမ်းခံစဉ် ဒကာ၊ ဒကာမ မိသားစုများက နေအိမ်များတွင် သဒ္ဒါထက်သန်စွာဖြင့် ဆွမ်းဆက်ကပ်လှူပူဇော်ခဲ့ကြပြီး ဆရာတော်ဘုရား၏ ဒကာ၊ ဒကာမများအားလုံး ကုသိုလ်အမျှပေးဝေကာ သာဓုခေါ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။