
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ စိုကျေးရွာ၏ ပွဲလမ်းသဘင်/အခမ်းအနားတွင် ဘားအံမြို့၊ မုက္ကဒိကျေးရွာမှ နာမည်ကြီး “မုက္ကဒိဒုံးအဖွဲ့” ကို အထူးဖိတ်ခေါ်၍ မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေခဲ့ကြပါသည်။
ကရင်ရိုးရာ ယဉ်ကျေးမှုကို ဖော်ကျူးသည့် ကရင်ဒုံးအက၏ ညီညာလှပသော အကဟန်များနှင့် သက်ဝင်လှုပ်ရှားသည့် ကပြဖျော်ဖြေမှု မှတ်တမ်းပုံရိပ်များကို မိဘပြည်သူများနှင့် ကရင်ရိုးရာ ယဉ်ကျေးမှု ချစ်မြတ်နိုးသူများ ကြည့်ရှုခံစားနိုင်စေရန် ဝေမျှပေးလိုက်ပါသည်။
