ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲဝင် ရွှေကုက္ကိုဒုံးအဖွဲ့အား မောင်ကျော်ဒူးမှ ဩဝါဒစကားပြောကြား
အောက်တိုဘာ ၅
(၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာဒုံးအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့် “ရွှေကုက္ကို ရိုးရာယဉ်ကျေးမှု မောင်မယ်ဒုံးအဖွဲ့” အား ဦးဆောင်သူ မောင်ကျော်ဒူး မှ တွေ့ဆုံ၍ အားပေးဩဝါဒနှင့် ဆုံးမစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ဦးမောင်ကျော်ဒူးက ပြီးခဲ့သည့်နှစ်တွင် ရရှိထားခဲ့သည့် ချန်ပီယံဆုတံဆိပ်ကို ယခုနှစ်တွင်လည်း အောင်မြင်စွာ ထပ်မံကာကွယ်စောင့်ရှောက်နိုင်ရေး အားပေးစကားပြောကြားခဲ့ပြီး ကရင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို အရိုးကိုအရွယ်မဖုံးဘဲ မြတ်နိုးစွာ ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် ပြိုင်ပွဲဝင် မောင်မယ်များအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝါသနာတို့ကို အခြေခံ၍ မိမိတို့၏ အကောင်းဆုံးစွမ်းရည်ဖြင့် အစွမ်းကုန် ပါဝင်ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ပြီး အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ပါစေကြောင်း ဂုဏ်ပြုဆုမွန်ကောင်း တောင်းပေးခဲ့သည်။

