
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်
ကရင်ဆေးကောလိပ် (Karen Medical College – KMC) ၏ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်၊ နှစ်နှစ်သင်တန်းဖြစ်သောသားဖွားဒီပလိုမာသင်တန်း အပတ်စဉ် (၂) အတွက် သင်တန်းသူ၊ သင်တန်းသားသစ်များ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကျောင်းဝင်ခွင့် လျှောက်ထားလိုသည့် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသော တိုင်းရင်းသားလူငယ်များအနေဖြင့် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း အောက်ပါအတိုင်း လျှောက်ထားနိုင်မည်ဖြစ်သည်။
- လျှောက်လွှာ စတင်လက်ခံမည့်ရက် – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်
- လျှောက်လွှာ ပိတ်မည့်ရက် – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက် (ညနေ ၅:၀၀ နာရီ)
- သင်တန်း စတင်ဖွင့်လှစ်မည့်ရက် – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်
မှတ်ချက်။ သင်တန်းလျှောက်ထားခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် လိုအပ်ချက်များကို ပူးတွဲပါ အသိပေးကြေညာချက်ပုံများအတိုင်း တစ်ဆင့်ချင်း ဆက်လက်ဖတ်ရှု လေ့လာနိုင်ပါသည်။
