News

· ရွှေကုက္ကိုဒေသ၌ HIV နှင့် ကာလသားရောဂါ ကာကွယ်ရေး အသိပညာပေး အစည်းအဝေးပြုလုပ်

October 12, 2026
· ရွှေကုက္ကိုဒေသ၌ HIV နှင့် ကာလသားရောဂါ ကာကွယ်ရေး အသိပညာပေး အစည်းအဝေးပြုလုပ်

·
ရွှေကုက္ကိုဒေသ၌ HIV နှင့် ကာလသားရောဂါ ကာကွယ်ရေး အသိပညာပေး အစည်းအဝေးပြုလုပ်


ရွှေကုက္ကို၊ အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသအတွင်း HIV/AIDS နှင့် ကာလသားရောဂါများ ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရွှေကုက္ကိုမြိုင် ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရွှေကုက္ကိုဒေသ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့တို့နှင့်အတူ ဒေသတွင်းရှိ တည်းခိုခန်းနှင့် အနှိပ်ခန်းပိုင်ရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးအဖွဲ့တို့က –

• ကူးစက်ရောဂါများ မပြန့်ပွားစေရေးအတွက် လိုက်နာရမည့် ကျန်းမာရေးလမ်းညွှန်ချက်များ၊

• တည်းခိုခန်းနှင့် အနှိပ်ခန်းများတွင် ဆောင်ရွက်ရမည့် သန့်ရှင်းရေးနှင့် ကာကွယ်ရေးနည်းလမ်းများ၊

• အသိပညာပေးပစ္စည်းများနှင့် ကာကွယ်ရေးသုံးပစ္စည်းများကို စနစ်တကျ ပြင်ဆင်ထားရှိရေး စသည့်အချက်များကို အသေးစိတ် ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များကလည်း သတ်မှတ်ထားသည့် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်း ပြည်သူများနှင့် လာရောက်တည်းခိုသူများ၏ ကျန်းမာရေးလုံခြုံမှုအတွက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဆက်လက်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။